အဲဒီနေ့ က ကျနော့်ဆိုင်မှာ လူတော်တော်ရှင်းနေသည်။မိုးနည်းနည်းဖွဲလာတဲ့အတွက် ဖုန်းလာဆက်မဲ့သူမရှိတဲ့တော့ဟု
ထင်မှတ်ကာ ၀တ္တုစာအုပ် ကောက်ကိုင်လိုက်သည်။
ဆိုင်စောစောသိမ်းရမယ်။ အိမ်အပြန်ရေမချိုးခင် ခြံပါတ်လည်ကိုရှင်းရဦးမယ်လေ။
ထိုစဉ် ကလေးတစ်ယောက် ဆိုင်ဆီသို့ လျောက်လာကာ ဖုန်းဆက်ချင်ကြောင်းပြောလေသည်။
ထုံးစံအတိုင်း သူဆက်ချင်သော ဖုန်းနံပါတ်အား ကျနော်လှည့်ပေးလိုက်လေသည်။
ကောင်လေး။ ။အန်တီလား ကျနော်ခြံရှင်းပေးမလို့ ပါ။ အန်တီခြံရှင်းဖို့ လူလိုတယ်လို့ ခေါ်ထားတယ်ဆို။
တစ်ဖက်မိန်းမ။ ။အန်တီတို့ မှာ လူရှိပြီးသားပါကွယ်။ မလိုပါဘူး ကလေးရယ်။
ကောင်လေး။ ။ရပါတယ်အန်တီ။ကျနော်က သူ့ ထက် ထက်ဝက်ပဲ ယူပါ့မယ်။
တစ်ဖက်မိန်းမ။ ။မဖြစ်ပါဘူးကွယ်။ အန်တီက သူခြံရှင်းတဲ့ ပုံစံ ကြိုက်လို့ ပါ။
ကောင်လေး။ ။မပူပါနဲ့ အန်တီရယ်။ ကျနော်က ပြီးသွားရင် တံမြက်စည်းတွေဘာတွေကော လှည်းပေးမှာ။နောက်နေ့ 
စိတ်တိုင်းမကျရင် ကြိုက်သလိုပြောပါ အန်တီ။
ထိုအခါ တစ်ဖက်မှ မိန်းမက မဖြစ်နိုင်ကြောင်းပြောကာ ဖုန်းချသွားလေသည်။ ထိုကလေးကား မျက်နှာတွင် ပြုံးဆဲ။
ကလေးလေး၏ ဇွဲနှင့် စိတ်ဓါတ်ကို သဘောကျသွားလေသည်။ ထိုကြောင့် ကလေးနားလေးကပ်ကာ ပြောလိုက်သည်။
`ငါ့ညီရာ စိတ်ဓါတ်မကျပါနဲ့ ။ အကို မင်းစိတ်ဓါတ်ကို သဘောကျတယ်။ အကို့ အိမ်မှာ လာပြီး ခြံရှင်းချေ။ သင့်သလောက် အကိုပေးပါ့မယ်။´
ကောင်လေးကား အနည်းငယ် ပြုံးလိုက်သည်။
`ကျေးဇူးတင်ပါတယ်အကိုရာ။ ကျနော် အကို့ အလုပ်ကို မလုပ်နိုင်ပါဘူး။ကျနော့်မှာ ရှိပြီးသားပါ။ ခုနက
အန်တီကြီးပြောနေတဲ့ သူ့ စိတ်ကျေနပ်တဲ့ ခြံရှင်းတဲ့ကောင်လေးဆိုတာ တခြားမဟုတ်ပါဘူး ကျနော်ပဲ။´
Self Appraisal
Subscribe to:
Post Comments (Atom)
2 ဒီလို အမှတ်တရ ထားခဲ့တယ်:
ဒီပိုစ့်လေးကကောင်းတယ်။ဒါပေမယ့်အဲဒီအန်တီ
ကြီးကကောင်လေးကိုမသိဘူးလား...အဲဒါတချက်နားမလည်
ဘူးဦးဦး....ကောင်လေးကရောအဲဒီအန်တီ
ကြီးကိုဘာလို့စိတ်စမ်းချင်ရတာလဲ။။
အန်တီကြီးရဲ့အလုပ်သမားအပေါ်ထားတဲ့သစ္စာရှိမှု့
ကိုတော့လေးစားတယ်။သမာသမတ်ရှိတယ်နော်။
ကောင်းတယ်ဦးဦးဖုန်းရေ.....
သူက အသံ မမှတ်မိတာလေ..။PCO ကိုလာပြီးဖုန်းဆက်တာကိုး..။
Post a Comment