မယားလေးယောက်


ခေါင်းစဉ်ကြီးမြင်လို့ မျက်လုံးပြူးမသွားနဲ့ ဦးနော်..။ ပုံပြင်ပြောပြမယ် .. နားထောင်။

တစ်ခါက ကုန်သည်ကြီးတစ်ဦးမှာ မိန်းမလေးယောက်ရှိသတဲ့။

`စတုတ္ထမြောက် မိန်းမ´ကို သူက အတော်လေးချစ်ပါသတဲ့။ အကောင်းဆုံးကလွဲပြီးဘာမှ ဆင်မပေးဘူး။

အကောင်းဆုံးအ၀တ်အစား အကောင်းဆုံးအစားအစာ၊ အရာရာ အကောင်းချည်းဘဲတဲ့။

`တတိယမြောက်မိန်းမ´ကြတော့ သူက တန်ဖိုးထားသတဲ့။မိတ်ဆွေတွေနဲ့ တွေ့ ရင် သူ့ ကိုသာ

ခေါ်သွားတတ်တယ်။သူတစ်ခြားလူတစ်ယောက်ဆီ ပြောင်းသွားမှာ အရမ်းကြောက်သတဲ့။

`ဒုတိယမြောက်မိန်းမ´ကြတော့ သူ့ ကိုအလွန်နားလည်သတဲ့။ ပညာဥာဏ်ရှိတဲ့အတွက် သူတစ်ခုခု

ဒုက္ခဖြစ်တိုင်း ဒုတိယမြောက်ဆီသာ ပြေးတတ်တယ်။အကြံဥာဏ်တောင်းခံတတ်တယ်။

`ပထမမိန်းမ´ကတော့ သူ့ အပေါ်အလွန်သစ္စာရှိသတဲ့။အိမ်မူကိစ္စအ၀၀သာမက စီးပွါးရေးတာဝန်တွေကိုပါ

ကူလုပ်ပေးတတ်တယ်။ဒါပေမဲ့ ကုန်သည်ကြီးက ကျန်တဲ့မယားသုံးယောက်ကိုသာ ဂရုစိုက်နေသတဲ့။


တစ်နေ့ မှာ ကုန်သည်ကြီးအပျင်းဖျားပါတယ်။ ဆရာဝန်ရဲ့ ပြောပြချက်အရ သူ့ ကိုယ်သူ သေတော့မယ်လို့လည်းသိလိုက်တယ်။

အဲဒါနဲ့ သူက `စတုတ္ထမြောက်မိန်းမ´ကို ခေါ်ပြီးပြောတယ်။

`ငါသေရတော့မယ်။ငါကျန်းမာရေးကောင်းစဉ်က နင့်ကို အချစ်ဆုံး၊ လိုအင်မှန်သမျှ အကောင်းဆိုတာချည်းဘဲ

ဖြည့်ဆည်းခဲ့တာ။အခု ငါသေရတော့မယ် နင် ငါနဲ့ အတူမလိုက်နိုင်ဘူးလား´။

စကားမဆုံးခင်ဘဲ စတုတ္ထမြောက်မိန်းမက `မဖြစ်နိုင်ပါဘူး´ဆိုပြီး အဝေးကိုထွက်သွားသတဲ့။

ကုန်သည်ကြီး ရေလည်ခံစားလိုက်ရတယ်။အဲဒါနဲ့ သူက `တတိယမြောက်မိန်းမ´ကို ခေါ်ပြီး အထက်ပါမေးခွန်းကို

မေးပြန်တယ်။တတိယမိန်းမက ခေါင်းကိုတွင်တွင်ခါတယ်။

ပြီးတော့ `မဖြစ်နိုင်ပါဘူး။ ဘ၀ဆိုတာ နေတတ်ရင် ပျော်စရာကြီး၊ရှင်သေသွားရင် နောက်ထပ်မင်္ဂလာဆောင်ပြီး

ပျော်ပျော်နေဦးမယ်´လို့ ပြောသတဲ့။

ကုန်သည်ကြီးလည်း အရမ်းစိတ်ထိခိုက်သွားတယ်။ အဲသလိုနဲ့ `ဒုတိယမိန်းမ´ကိုလည်း အထက်ကအတိုင်း မေးပြန်တယ်။

ဒုတိယမိန်းမက

`မဖြစ်နိုင်ပါဘူး။ရှင့်ကို အစစ အရာရာကူညီခဲ့ပေမဲ့ ဒီအချိန်မှာ မကူညီနိုင်တော့ဘူး။ စကားကုန်ပြောရရင်

ဈာပနလောက်ဘဲ လိုက်ပို့ နိုင်ပါလိမ့်မယ်´ လို့ ပြောသတဲ့။

ကုန်သည်ကြီးဟာ အရမ်းစိတ်ဓါတ်တွေကျပြီး စိတ်ဆင်းရဲနေတာပေါ့။အဲဒီအချိန်မှာ ပိန်ပိန်လှီလှီရှိတဲ့

`ပထမဆုံးမိန်းမ´ကရောက်လာပြီး သူ့ ကို ပြတ်ပြတ်သားသားသူ့ ကိုပြောတယ်။

`ရှင်ဘယ်သွားသွား ကျမကတော့ လိုက်မှာဘဲ၊ ရှင့်ကို ဘယ်တော့မှ မခွဲဘူး။´

အဲဒီစကားကို ကြားလိုက်ရတော့ ကုန်သည်ကြီးမှာ အရမ်းဝမ်းသာသွားတယ်။ သူ့ ရဲ့ နောက်ဆုံးအချိန်မှာ

တစ်ယောက်တော့ အဖော်ပြုပေးနိုင်တာပေါ့လို့ စိတ်ချမ်းသာရာ ရသွားသတဲ့။ သူကျန်းမာစဉ်က

ပထမမယားကို ကောင်းကောင်းမပြုစုခဲ့တာကိုလည်း နောင်တရမိသတဲ့။

ပုံပြင်ကတော့ ဒီမှာတင်မရပ်သေးပါဘူး။

ကျနော်တို့မှာကော ကုန်သည်ကြီးလို မိန်းမလေးယောက်ရှိတယ် မထင်ဘူးလား။

`စတုတ္ထမြောက် မိန်းမ´ကတော့ မိမိရဲ့ ကိုယ်ခန္ဓာဘဲပေါ့။ ကျနော်တို့ ဟာ မိမိကိုယ်ကို

ကောင်းအောင်ဆင်နေကြပေမဲ့ အသက်သေတဲ့အခါ ပါမှမသွားကြတာ။

`တတိယမြောက်မိန်းမ´ကတော့ ပစ္စည်းဥစ္စာတွေဘဲလေ။ မိမိသေသွားတဲ့အခါ တခြားလူလက်ထဲ ပြောင်းသွားမှာ

အသေအချာဘဲ။

`ဒုတိယမြောက်မိန်းမ´ကတော့ မိတ်ဆွေတွေပါဘဲ။ အကြံဥာဏ်ထုတ်ပေးတာကလွဲလို့ သေတဲ့အခါမှာ

ဈာပနပို့ ပေးနိုင်ယုံကလွှဲလို့ ဘာလုပ်ပေးနိုင်မှာလဲ။

`ပထမမိန်းမ´ကတော့ ကျနော်တို့ ရဲ့ အတွင်းစိတ်ဖြစ်ပါတယ်။ ကျန်တဲ့မယားသုံးယောက်ကြောင့်

ကျနော်တို့ဟာ ပထမဆုံးမယားဖြစ်တဲ့ မိမိစိတ်ကို မေ့နေတတ်ကြတယ်။ဒါကြောင့်မို့ 

ကျနော်တို့ ကုန်သည်ကြီးလို မဖြစ်ခင် မိမိရဲ့ ပထမမယားဖြစ်တဲ့ အတွင်းစိတ်ဓါတ်အခြေခံကို ပြုစုပျိုးထောင်ဖို့ အရေးကြီးလှပါတယ်။


1 ဒီလို အမှတ်တရ ထားခဲ့တယ်:

ကိုရင်နော်ခင်လေးငယ် said...

အင်မတန် ကောင်းတဲ့ post လေးနော်
စာအရေးကောင်းတယ်
အမြဲလာ အားပေးဖြစ်ပါတယ်
ဖုန်းလေးတွေ ငမ်းရင်းပေါ့...