အရက်မူးသမား အမှားတစ်ထောင်ဆိုတာလဲ ကြားဖူးကြမှာပေါ့။ ပေါက်တတ်ကရဖြစ်တဲ့ အရက်သမားဟာသလေးတွေ
စုထားတာပါ။
၁။ တစ်နေ့မှာ ငမူးတစ်ယောက်က
`လုပ်ကြပါဦး ကျနော့်ကားရဲ့  dashboard နဲ့ steering wheel ။ပြီးတော့ ဘရိတ်နင်းတဲ့ အပြားကိုပါ ခိုးသွားကြတယ်။
ကားမှန်ကိုလဲ လဲသွားကြတယ်။´ လို့ ရဲစခန်းကို ဆက်သတဲ့။
ရဲတွေကလည်း ဘယ်မှာလဲ သွားဖမ်းမယ်လို့ ပြင်ဆင်တုန်း မိနစ်သုံးဆယ်အကြာမှာ ဖုန်းဆက်တယ်။
`ဆောရီးဗျာ.. ကျနော် ကားနောက်ခန်းကို ပြောင်းပြန်မှားဝင်မိတာပါ´ တဲ့။
၂။သဘောင်္သားတစ်ယေက် ဘားကအပြန် အရက်မူးကာ ကားလမ်းဘေးက ရွှံ့ အိုင်ထဲ လဲလေသည်။ဗွက်အိုင်ထဲတွင် ယက်ကန်ယက်ကန်ဖြစ်နေရာ မနေနိုင်သူတစ်ယောက်က သွားကာ ဘာဖြစ်နေသလဲ ဟုမေး၏။ သူကလည်း
လုံးထွေးထွေးအသံနှင့် `လက်တစ်ဖက်သာ အရင်ပေးပါဗျာ´ ဟု ဆိုသတဲ့။
လက်ကိုအားပြုကာ သူထလိုက်သည်။ပြီးတော့ ဟိုဟိုဒီဒီလျောက်ရှာလေသည်။ ထူပေးသည့်သူက မနေနိုင်ဘဲ မေးလေသည်။
`ဘာပစ္စည်းများ ပျောက်လို့ ဒီလောက်အသည်းအသန် ရှာနေတာလဲ´
သဘောင်္သားက ဇောချွေးများပျံကာ ပြန်လည်ဖြေလေသည်။
`ကမ်းခြေရှာနေတာဗျ၊ အဲဒါမတွေ့ ရင် ကျုပ်တို့ အစာငတ်ပြီး သေကြမှာပေါ့´
၃။သူအရမ်းအရက်တွေ မူးနေသည်။ဘားကနေ လေးဖက်ထောက်ပြီးပြန်ခဲ့သည်။ တော်သေးသည် ညမှောင်မှောင်
အပြင် အိမ်ကလည်း ဘားနဲ့နီးနေသည်။သူအိမ်တံခါးကိုလည်း လေးဖက်ထောက်ပြီးသာ ဖွင့်နိုင်သည်။ အိပ်ခန်းသို့ 
သွားရာတွင်လည်း ဟိုတိုက်သည်တိုက်နှင့် လေးဖက်ထောက်ကာ ၀င်လာခဲ့ပြန်သည်။ ဆူဆူညံညံအသံကြားသဖြင့်
အိပ်နေသော သူ့ မိန်းမလည်း နိုးလာလေသည်။လေးဖက်ထောက်လာသော သူ့ ကို ကြည့်ကာ သူ့ မိန်းမက ဆဲဆိုလိုက်သည်။
`သေနာကျ ဘားမှာ wheelchair မေ့ခဲ့ပြန်ပြီ´
၎။တစ်နေ့ လူတစ်ယောက်က ဘားထဲကိုဝင်လာသည်။ထွေနေဟန်တော့ရှိသည်။ သူက bartender လို့ ခေါ်တဲ့
အဖျော်ဆရာကို မေးလိုက်သည်။
`မင်း ဖျော်တဲ့အရက်ကိုသောက်ပြီး ငါ မင်းပြတာ လက်မလား လက်ညှိုးလား ခွဲပြမယ်။ ဒေါ်လာ၅၀ကြေးကွာ။´
bartender လဲ စိန်ခေါ်မူကို လက်ခံလိုက်သည်။ ငမူးရှူံးသွားသည်။ ကျေကျေနပ်နပ် ပေးလိုက်ကာ
ဆက်ပြောလိုက်သည်။
`ငါနောက်တစ်ခွက်သောက်ဦးမယ် မင်းထပ်လောင်းဦးမလား´
Bartender ထပ်လောင်းပြန်သည်။ ငမူးရှုံးသွားပြန်သည်။ ကျေကျေနပ်နပ်ကြီး ပေးလိုက်ကာ ထပ်စိန်ခေါ်ပြန်သည်။
`အေး ငါနောက်တစ်ခွက်သောက်ပြီး ဟိုနားက ၀ိုင်ပုလင်းထဲ တစ်စက်မှ မကျရအောင် သေးပေါက်ပြမယ်။
နှစ်ဆကွာ ဒေါ်လာ၁၀၀ ဘယ်လိုလဲ။´
Bartender ပြုံးလိုက်လေသည်။ ဒီငမူးတော့ ငါ့ကို ပိုက်ဆံလာပေးတာဘဲဟုဆိုကာ လောင်းကြေးကို လက်ခံလိုက်သည်။
ထင်သည့်အတိုင်းပင် ငမူးသည် ၀ိုင်ပုလင်းကို လွဲရုံမျှမက ဘားတစ်ခုလုံး ရွှဲရွှဲစိုအောင် သေးပေါက်ချသွားသည်။ပြီးနောက် ကျေကျေနပ်နပ်ပင် ငွေ ၁၀၀ ပေးကာ ထွက်သွားသည်။
မကြာလိုက် လူတစ်စုရောက်လာကာ ဘားမြင်ကွင်းကို လာကြည့်ကာ နဘူးကို လက်ဖြင့်ရိုက်ကြလေသည်။
`တစ်ဘားလုံး သေးစိုအောင် ပေါက်တာကို Bartender က ကျေကျေနပ်နပ်နဲ့ ဘာမှမပြောစေရဘူးလို့ ဟိုငမူးနဲ့ ဒေါ်လာ ၁၀၀၀ ကြေးလောင်းထားတာ ရှုံးပါပြီကွာ´
အရက်သမားဟာသများ (၁)
Subscribe to:
Post Comments (Atom)
0 ဒီလို အမှတ်တရ ထားခဲ့တယ်:
Post a Comment