Iphone Killers


လတ်တလော ထွက်လာတဲ့ iphone ကြောင့် လူအများက စိတ်ဝင်တစားရှိနေပါတယ်။ ဒါပေမဲ့ တခြားအပိုင်းမှာ
ကောင်းတဲ့ဖုန်းတွေ ရှိတယ်ဆိုတာ ပြချင်တဲ့အတွက်ဖုန်းထုတ်လုပ်သူများဟာ (secret name) iphone killers
ဆိုပြီးတော့ ထွက်လာကြပါတယ်။ဘာပဲဖြစ်ဖြစ် marketing မှာ အပြိုင်အဆိုင်ရှိတော့ တစ်မျိုး ပျော်စရာကောင်းတာပေါ့

ပထမဆုံးကတော့ BlackBerry Bold 9000 ဖြစ်ပါတယ်။

BlackBerry Bold 9000 က fully touch screenတော့ မဟုတ်ပါဘူး။သူကတော့ Business Purpose အတွက် သက်သက်ထုတ်ထားတဲ့ ဖုန်းဖြစ်လို့  Enterprise ပိုင်းနဲ့ ပတ်သက်ရင် Iphone ထက်ပိုပြီး စွမ်းဆောင်ရည်ကောင်းတယ်လို့ မှတ်ချက်ပြုထားပါတယ်။
Wifi နဲ့ ပတ်သက်ပြီး browser ဘက်မှာ iphone က ပိုကောင်းပေမဲ့ keypad၊ color definition ပိုပြည့်စုံနဲ့ screen တွေနဲ့ အတူ ပိုမိုကောင်းမွန်တဲ့ ဒီဇိုင်းများပါ ပါဝင်လာတာတွေ့ ရတယ်။ ကဲ .. iphone ကို ဘယ်လိုသတ်ကြမလဲဘဲ စောင့်ကြည့်ရကြရုံပေါ့..။


ဒုတိယလိုက်တာကတော့
Samsung Instinct ပဲဖြစ်ပါတယ်။
function တော်တော်များများကတော့ iphone နဲ့ တော်တော်တူပါတယ်။ softwares တွေ install လုပ်လို့ မရပါဘူး။ မြူးဇစ်ပိုင်း တော်တော်များများပါ iphone နဲ့ တော်တော်လေးကို တူနေပါတယ်။ 2MPရှိပြီး microSD memory 8 GB အထိဘဲ extend
လုပ်လို့ ရပါတယ်။
marketing price ယှဉ်ပြိုင်ဖို့ အတွက် ထုတ်ထားပုံပေါ်ပါတယ်။

ဒါပေမဲ့ Samsung Instinct တစ်ခုတည်းနဲ့တော့ samsung ဟာ iphone ကိုပြိုင်ဖို့ တော်တော်လေး စဉ်းစားရပါလိမ့်မယ်။ဒါကြောင့် Ominia ကို နောက်ထပ် ထုတ်ခဲ့တယ်နဲ့ တူတယ်။
ူတယ်။ဂရိဘာသာစကားအရ ominia ဆိုတာက Everything လို့ အဓိပ္ပါယ်ရပါတယ်။အားလုံးပြည့်စုံတဲ့ ဖုန်းပေါ့လေ။
Microsoft Windows Mobile 6.1 Professional ပါရှိပြီးတော့ Microsoft office applications တွေဖြစ်တဲ့ word တို့ Excel တို့ 
PowerPoint တို့ အသုံးပြုနိုင်တယ်။web browser အတွက်ကတော့ opera version 9.5 ကိုဘဲ အသုံးပြုထားပါတယ်။ smart phone ဖြစ်တဲ့အတွက် Wifi တို့ push mailling တို့ ကတော့ သေချာပေါက်ပါတာပေါ့ဗျာ..။iphone ထက်သာတာတော့ သူက 5MP ကင်မရာကို autofocus နဲ့ ခင်ဗျ။အဲ.. မသာ တာကတော့ screenမှာ 3.2inchesဘဲရှိပြီး resolutionsကျတော့
240 x 400 ဘဲရှိလို့ iphone ထက်နိမ့်ပါတယ်။ပွတ်ဆွဲတာ ဖိဆွဲတာ တွန်းတာအဲသဟာ functions တွေကြတော့ iphone နဲ့ တူပါတယ်ခင်ဗျာ။
ကဲ နောက်လာမည့် လက်ကိုင်ဖုန်းစစ်ပွဲများကိုဘဲ ရင်တသဲသဲနဲ့ ကြည့်ကြရအောင်ဗျို့ ..။




0 ဒီလို အမှတ်တရ ထားခဲ့တယ်: